ရေတာရှည်မြို့နယ်တွင် Drum Seeder မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရေတာရှည်  မတ်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် Drum Seeder မျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ယနေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ကြပ်ကော်မတီရန်ပုံငွေဖြင့် ဝယ်ယူသော Drum Seeder မျိုးစေ့ချကိရိယာ (၁၅)လုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ Drum Seeder မျိုးစေ့ချကိရိယာများအား ဒေသခံတောင်သူထံ ဆက်လက်ပေးအပ်ခဲ့သည်။

အဆိုပါ Drum Seeder မျိုးစေ့ချကိရိယာသုံးစွဲခြင်းကြောင့် မျိုးစေ့ဖိုးကုန်ကျစရိတ် သက်သာခြင်း၊ ၁ ဧက စိုက်ပျိုးလုပ်သား စရိတ်သက်သာခြင်း၊ အချိန်တိုအတွင်းလုပ်ငန်းများ ပြီးမြောက်ခြင်း၊ လယ်ယာလုပ်သားရှားပါးမှုကို အထောက်အကူပြုခြင်း၊ အတန်းလိုက်စိုက်ပျိုးသဖြင့် ပိုးမွှားရောဂါ၊ ပေါင်းမြက်များ အလွယ်တကူရှင်းလင်းနိုင်ခြင်း၊ ကြဲခင်းထက်မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ အတန်းလိုက်စိုက်ပျိုးသဖြင့် ရေ၊ နေရောင်ခြည်နှင့် လေကို အပင်မှကောင်းစွာရရှိခြင်း၊ လယ်ယာလုပ်ငန်းကို အချိန်မီလုပ်ဆောင်နိုင်သဖြင့် ကျန်အချိန်တွင် ပြင်ပစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် ဝင်ငွေပိုမိုရရှိခြင်း၊ ပျိုးနှုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုမြင့်စေခြင်း၊ ရေကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး ပျိုးထောင်စိုက်ပျိုးခြင်း စနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှု မရှိကြောင်းနှင့် သုံးစွဲပုံသုံးစွဲနည်းအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်မှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)