မော်လမြိုင် မတ် ၈
မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ အသိပညာဗဟုသုတတိုးတက်လာစေရန် မော်လမြိုင်/ကျိုက်မရော အကျဉ်းဦးစီးဌာန အရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင် အကျဉ်းထောင်နှင့် ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ သုတ ရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ ရသစာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တ နှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးရာ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်းများ အစိုးရဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းများရှိ ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့်ပြင်ပဗဟုသုတများ တိုးပွားလာစေရေး စိတ်ဓာတ်ခွန်အား ဖြစ်စေသော စာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များ မြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူ များဖြစ်လာစေရန် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှ စာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)