သာ​ကေတမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

သာ​ကေတ      မတ်       ၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌စတင်ကျင်းပခဲ့ရာ​ ဗိုလ်တ​​ထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ၇/အ​နောက်ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော အ.ထ.က (၂)စာစစ်ဌာနနှင့် ၁/ထူပါရုံရပ်ကွက်တွင် ဖွင့်လှစ်ထားရှိ​သော အ.ထ.က()စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျှော်ရွှင်စွာဖြေဆိုလျက်ရှိကြ​သည်။

သာ​ကေတမြို့နယ်တွင်  ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား (၄၂၅)ဦး၊ ကျောင်းသူ(၆၀၁)ဦး စုစု​ပေါင်း(၁၀၃၆)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့စတင်ကျင်းပသော ပထမနေ့မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ​ကျောင်းသား(၃၈၀)ဦး၊​ ကျောင်းသူ(၅၅၀)ဦး စုစု​ပေါင်း(၉၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ  ရာခိုင်နှုန်း(၄၂.၄၆)ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

ယနေ့စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်​​ကျောင်းသား၊ ​ကျောင်းသူများ​အေးချမ်းစွာ​ဖြေဆိုနိုင်​ရေးအတွက် သက်ဆိုင်ရာစာစစ်ဌာန()​နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနများတည်ရှိရာ ရပ်ကွက်များမှပြည်သူ့လုံခြုံ​ရေးအဖွဲ့များ အရံမီးသတ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံ​ရေးပြုလုပ်​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

​​ဆောင်းနှင်းဖြူ(ပြန်/ဆက်)