မြောက်ဥက္ကလာပ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ အ.ထ.က(၇)စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၉၀.၅၃ ရာခိုင်နှုန်းဝင်ရောက် ဖြေဆိုခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၀၀ ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို စတင်ဖြေကြားချိန်၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၉၃၉) ဦး၊ ပျက်ကွက်သူ (၁၆၁) ဦးရှိပြီး ၉၀.၅၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ကြသည့် မိဘများလုံခြုံအေးချမ်းမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း