ပဲခူးမြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေး

ပဲခူး မတ်

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ  (၂၀၂၃)ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ()တွင် မတ်လ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး () ပဲခူးမြို့မှ        မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကဝမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၂၆၁)ဦးနှင့်  ဒိုက်ဦးမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၂၉၇) ဦးတို့အား   ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် သွားရောက်၍ အခမဲ့မျက်စိစမ်းသပ် စစ်ဆေးကုသခြင်းများ ပြုလုပ်ပေးခဲ့သည်။

အဆိုပါ မျက်စိဝေဒနာရှင်များအနက်မှ ကဝမြို့နယ်အတွင်းရှိ ခွဲစိတ်ကုသရန်လိုအပ်သည့် အတွင်းတိမ်လူနာ (၇၃)ဦးနှင့်   ဒိုက်ဦးမြို့နယ်အတွင်းမှ ခွဲစိတ်ကုသရန်လိုအပ်သည့်      အတွင်းတိမ်လူနာ (၇၉)ဦးတို့အား မတ်လ()ရက်နေ့မှ ()ရက်နေ့အထိ ပဲခူးမြို့ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်း၊ မျက်စိကုဌာနတွင် ခွဲစိတ်ကုသမှုပြုလုပ်ပေးပြီး လိုအပ်သော နေကာမျက်မှန်နှင့် ဆေးဝါးများကိုလည်း အခမဲ့ပေးအပ်ခြင်းများ ဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်း  သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)