အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သံဃနာယကအဖွဲ့ရုံးတည်ရှိရာ မြို့မရွှေဂူကျောင်းတိုက်၊ သီရိရံသီကျောင်းတွင် ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ သန့်ရှင်းအေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးကြပ်ရေးဖွဲ့စည်းမှု အစည်းအဝေးကို ယမန်နေ့ညနေ (၃) နာရီက ကျင်းပပြုလုပ်ရာ မုံရွာမြို့ မြို့မရွှေဂူကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ နှင့် ပင့်သံဃာတော်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၆ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကလေးသူငယ်များ မှတ်သားမှုစွမ်းရည်နှင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မနက် (၁၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မြို့ကျက်သရေဆောင် ဓိဌာန်အောင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး သြဝါဒခံယူပွဲနှင့်အလှူငွေ ပေးအပ်ပွဲ အခမ်းအနား မတ်လ ၇ ရက်နေ့က ဓိဌာန်အောင်စေတီတော် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 09,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အမှတ်(၂)ရပ်ကွက် (ဟိုခို)၌ တည်ထားကိုးကွယ်သော မဟာမြတ်မုနိ ဘုရားကြီးကျောင်း၏ (၂၀)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိ သတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၀ နာရီက မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 09,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ရန်ပုံငွေကျပ်(၁၀)သန်းစီဖြင့် မြေပြင်ပကတိ အမှတ်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စက်တင်ဘာလ ပထမအပတ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပါကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။