ခိုလမ် မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ကို ယနေ့မွန်းလွဲပိုင်း(၁၂)အချိန်က ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဖြေဆိုရန်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၁) ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး(၈၇)ဦးဝင်ရောက်ဖြေဆိုပြီး (၃)ဦးပျက်ကွက်ကြောင်း သိရသည်။ ကျန်(၁)ဦးမှာ စာစစ်ဌာန ကူးပြောင်း၍ဖြေဆိုခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) ဖြေဆိုပြီးချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့်ဇနီး ဒေါ်ကြည်ပြာဝင်း မိသားစုမှ ဖြေဆိုပြီးသောကျောင်းသား/ကျောင်းသူများအား အအေးမုန့်များဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)