Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 13,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြဲတမ်းအတွင်းဝန်ကြည့်ရှုစစ်ဆေး
Mar 13,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူယမန်နေ့က သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် Seven-43 CoLtd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော (၄/o. ၁၆ မိုင်၁၂'၁၂'')ကုန်ထုတ်မြေသားလမ်းခင်းခြင်း၊ ရွမ်းရွမ်းအောင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာအတွင်း စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့တွင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ပုံချို(ဝေး)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်၊ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသော အခြေခံစက်ချုပ်သင်တန်းကို ရပ်ကွက်၊ ကျေးရွာရှိအမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး အခြေခံစက်ချုပ်သင်တန်းမှတစ်ဆင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေးမိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ငါးမွေးမြူရေးနည်းပညာသင်တန်းဖွင့်လှစ်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်ညွှန်ကြားမှုဖြင့် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကျုံးကျုံးကျကျေးရွာတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် ငါမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများအား ငါးမွေးမြူရေး နည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မင်း၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုရဲမှူးအောင်ခိုင်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်ဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပညာပေးနှိုးဆော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအကြိုက် စာအုပ်/ စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသ
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကလေးများ၏ အားလပ်ရက်တွင် အသိပညာဗဟုသုတရရှိရေးအတွက် ကလေးအကြိုက် စာအုပ်/ စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့ နံနက် (၈:၀၀)နာရီအချိန်က ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/သူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေး လိမ္မာသင်တန်းကို ယမန်နေ့ကစ၍ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရပ်ကွက်(၄)ရွှေဘုန်းရှိန်ဘုရားလမ်းရှိ၊ မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12997
Page
12998
Page
12999
Page
13000
Current page
13001
Page
13002
Page
13003
Page
13004
Page
13005
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department