ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

ငဖဲ မတ် ၁၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာစာစစ်ဌာန ၂ ခု တွင် ဓာတုဗေဒဘာသာရပ် ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၂၅)ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသည့်နေ့တွင် အ.ထ.က-ငဖဲ စာစစ်ဌာန၌ ဖြေဆိုသူ (၂၉)ဦး၊ အ.ထ.က-ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ (၁၈၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ၉၆   ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံရေးအတွက် ပူးပေါင်း စောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)