ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအကြိုက် စာအုပ်/ စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသ

ပန်းတောင်း မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကလေးများ၏ အားလပ်ရက်တွင် အသိပညာဗဟုသုတရရှိရေးအတွက် ကလေးအကြိုက် စာအုပ်/ စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့ နံနက် (၈:၀၀)နာရီအချိန်က ပြသခဲ့သည်။

မူလတန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ဉာဏ်ရည်/ ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်မှပေးသည့် အသိပညာ/ အတတ်ပညာများ၊ စာပေဗဟုသုတများနှင့် စာပေချစ်မြတ်နိုးသူများဖြစ်ပေါ်စေရေး ကလေးများအကြိုက် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်း၊ အသိပညာပေး ဓာတ်ပုံများနှင့် နံရံကပ်ဘုတ်များကို ပြသခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းဖြင့် စာပေဝါသနာရှင်ကလေးများပေါ်ထွန်းလာပြီး စာပေမှပေးအပ်သော ကောက်နုတ်ချက်၊ တွေးတော့ချိန်ဆခြင်း၊ အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် အသိပညာဗဟုသုတများရရှိနိုင်ရန်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ ဆက်)