အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကင်းမြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းများနှင့် ညနေ ၃နာရီခွဲတွင် ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အိမ်ထောင်သည်လိုင်းခန်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 13,2023
(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ်တွင် ( MIIZ Engineering ) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ ဆီဆုံကုန်း‌ကျေးရွာ တံတားမုခ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2023
ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 12,2023
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)က ကြီးမှုးကျင်းပသော (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းနားကို ယနေနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ ‌ရွှေတိဂုံစေတီတော်အရှေ့မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ကျင်ပရာ ဘွဲ့တံဆိပ်တော်ရနိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော သံဃာတော်အရှင်သူမြတ်(၁၅)ပါးနှင့် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါအကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။
Mar 12,2023
မကွေးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်(၁၀၃)ပါးနှင့် သီလရှင်(၁၁)ပါးတို့အား စာအာင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုလမ်းမကြီး၊ တောင်/မြောက်လမ်းဆုံရှိ သန္တိသုခဓမ္မာရုံတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်(၁၀၃)ပါးနှင့် သီလရှင်(၁၁)ပါးတို့အား စာအာင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုလမ်းမကြီး၊ တောင်/မြောက်လမ်းဆုံရှိ သန္တိသုခဓမ္မာရုံတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း တိုက်အမှတ် ၁၁၃၉-၁၁၄၀ တွင် ယနေ့မွန်းလွဲ(၁)နာရီ(၂၆ )မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။