မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့တွင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ပုံချို(ဝေး)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သောက်သုံးရေနှင့် ရေရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း