သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြဲတမ်းအတွင်းဝန်ကြည့်ရှုစစ်ဆေး

သန်လျင် မတ် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူယမန်နေ့က သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် Seven-43 CoLtd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော (၄/o. ၁၆ မိုင်၁၂'၁၂'')ကုန်ထုတ်မြေသားလမ်းခင်းခြင်း၊ ရွမ်းရွမ်းအောင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာအတွင်း စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးသည်။

အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စစ်ဆေးစဉ် ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီးလုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေး၊စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)