အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိသည်။
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဖြေဆိုနေသည့် ပတ်ဝန်းကျင်တွင် ဆူညံသံများမဖြစ်ပေါ်စေရန်အတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ပြည်သူ့အကျိုးပြုလုပ်ငန်းများ အဖြစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က) စာစစ်ဌာနတို့တွင် ဖြေဆိုကျင်းပရာ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၅၄၃ ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Mar 13,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် စာစစ်ဌာနနှစ်ခုတွင်လည်း ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
Mar 13,2023
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အ.ထ.က (အောင်ဆန်း) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုရှိ လမ်းများတွင်  ဆောင်ရွက်ကြကြောင်း သိရသည်။
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများ ရွေးချယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။