ခရမ်းမြို့နယ်တွင် ငါးမွေးမြူရေးနည်းပညာသင်တန်းဖွင့်လှစ်

ခရမ်း မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်ညွှန်ကြားမှုဖြင့် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကျုံးကျုံးကျကျေးရွာတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် ငါမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများအား ငါးမွေးမြူရေး နည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ သန်လျင်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာ နည်းပညာများ သင်ကြားတက်မြောက်ပြီး ငါးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဘဝပိုမို တိုးတက်၍ ဝင်ငွေများတိုးပွားစေရေး အတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းမှရရှိလာမည့် နည်းပညာရပ်များဖြင့် ငါးမွေးမြူရေးလုပ်ငန်းနယ်ပါယ်တွင် ကြီးပွားတိုးတက်ပြီး ဝင်ငွေတိုးပွားစေရန် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ လေးထောင့်ကန် ငါးလုပ်ငန်း စခန်းတာဝန်ခံဒေါ်သင်းသင်းခိုင်က ငါးမွေးမြူရေးဆိုင်ရာ အခြေခံ ငါးမွေးမြူရေး၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးအသားတိုး မွေးမြူခြင်းတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများ၊ ကျုံးကျုံးကျကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ရာအိမ်မှူးများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ ( ၅၂ )ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း )