အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ တောင်သူများ မျိုးစေ့နှုန်းထားသက်သာပြီး စိုက်ပျိုးစနစ်မှန်ကန်ခြင်းကြောင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် တိုက်ရိုက်ကြဲခင်းစနစ် စိုက်ပျိုးဧက လျော့နည်းစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ယမန်နေ့ နေ့လည်ပိုင်းက မျိုးစေ့ချကိရိယာ(Drum Seeder) များအား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။
Mar 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေနုတ်မြောင်း အရှည်(၂၅၀)ပေအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီခြင်း လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ထောက်ပံ့ရန်ပုံ ငွေကျပ် (၉.၈၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကင်းမြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းများနှင့် ညနေ ၃နာရီခွဲတွင် ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အိမ်ထောင်သည်လိုင်းခန်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 13,2023
(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ်တွင် ( MIIZ Engineering ) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ ဆီဆုံကုန်း‌ကျေးရွာ တံတားမုခ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2023
ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 12,2023
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)က ကြီးမှုးကျင်းပသော (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းနားကို ယနေနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ ‌ရွှေတိဂုံစေတီတော်အရှေ့မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ကျင်ပရာ ဘွဲ့တံဆိပ်တော်ရနိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော သံဃာတော်အရှင်သူမြတ်(၁၅)ပါးနှင့် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါအကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။