သတင်းများ

ချမ်းမြသာစည်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်‌ကေသွယ်ခိုင်နှင့်ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ကွင်းဆင်းငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မူလတန်းကြိုကျောင်း ရင်သွေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုအောက်ရှိ ကျောက်ဆည် မူလတန်းကြိုကျောင်း ရင်သွေးငယ်များဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရိုင်အဆင့်ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆိုင်ရာဆွေးနွေးပွဲ သန်လျင်၌ကျင်းပ
Oct 12,2023
သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်အဆင့်ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) စီမံကိန်းဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 12,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊​ သာကေတမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ကူမဲမြို့နယ် ကန်ကွေ့ကျေးရွာတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲနှင့် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကူမဲမြို့နယ် ကန်ကွေ့ကျေးရွာတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ ပြည်သူများအသိပညာကြွယ်ဝစေရေး ယမန်နေ့နက်နံက်ပိုင်းက စားသုံးသူရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး စားအုန်ဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့ အ.ထ.က (ခွဲ)စေတီကွင်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Oct 12,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ် ဇမန်းသာကျေးရွာ အ.မ.က(လွန်) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Oct 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဇမန်းသာကျေးရွာ အ.မ.က(လွန်) ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် မြို့ပြ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Oct 12,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများကို နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။