Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပုလောမြို့နယ်၌ အယ်လ်နီညိုရာသီဉတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 11,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အယ်လ်နီညိုရာသီဉတု ဖြစ်ပေါ် မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Oct 11,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင် ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆီမီးကန်တောင်ကုန်းကျေးရွာ၌ VDP စီမံကိန်းဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာ(၁၀)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆီမီးကန် တောင်ကုန်းကျေးရွာသို့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး လူစည်ကားရာနေရာများ၌ မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးကြေညာ
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်း လမ်းမများပေါ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သွားလာအသုံးပြုနေသော မိဘပြည်သူများအနေဖြင့် လားရှိုးမြို့တွင်း လမ်းမများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိဘဲ စည်းကမ်းလိုက်နာမှုမရှိသည့် စည်းကမ်းပျက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက လိုက်လံအသိပေး ကြေညာခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အမှတ်၊(၃) အခြေခံပညာ မူလတန်း (လွန်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ ထ က(၁) မြတမာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့တွင်ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 11,2023
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက် ရောင်းချ ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေရတီကြယ်ဆောက်လုပ်ရေးကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာများ ခင်းပေး
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီငှားရမ်း၍လည်း လမ်းများကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွှေရတီကြယ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာများ ခင်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9468
Page
9469
Page
9470
Page
9471
Current page
9472
Page
9473
Page
9474
Page
9475
Page
9476
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department