သတင်းများ

လားရှိုးမြို့ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့်ကယ်ဒီများ အတွက် စားသုံးဆီများ ရောင်းချပေး
Oct 12,2023
လားရှိုးမြို့၊ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ကယ်ဒီများ အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ အစီအစဉ်ဖြင့် စားသုံးဆီ များကို ယမန်နေ့  ရောင်းချပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများစာဖတ်ရှိန် မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ယမန့်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်
ဟုမ္မလင်းမြို့နယ်၊ အ.ထ.က(၁)၊ အ.ထ.က ကက်သာကျောင်းများ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး
Oct 12,2023
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ယမန်နေ့၊  ​နေ့လည်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဟုမ္မလင်းမြို့နယ် အ-ထ-က ကက်သာကျောင်းများသို့ သွားရောက်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Oct 12,2023
လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးတို့အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၈)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ‌ အောက်တိုဘာလ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Oct 12,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) အလကကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 12,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို nယနေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။