သတင်းများ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 11,2023
သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက် ၁၀နာရီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေး စီစဉ်ဆောင်ရွက်
Oct 11,2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများအမြန်ဆုံးကျဆင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။     
အလုံမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Oct 11,2023
၂၀၂၃ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလုံမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြလုပ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၃၈) မူလွန်၊ အောင်ချမ်းသာကျောင်း၌ ကျင်းပခဲ့သည်။
သံတွဲမြို့၌အမျိုးသမီးအကြမ်းဖက်မှုနှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အလုံမြို့နယ်၌  ၇ နှစ်မှ ၁၅ နှစ်အရွယ် ရှင်သာမဏေမျာနှင့် ကျောင်းသားများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေး
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ  ကာကွယ်ဆေးအကြိမ်ပြည့်မထိုးသေးသည့်  ကလေးငယ်များနှင့်ကာကွယ်ဆေးတစ်ကြိမ်မှ ထိုးနှံခြင်းမရှိသည့် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ယနေ့ ၁၁:၃၀ နာရီက  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများရှိ ရှင်သာမဏေများနှင့် ကျောင်းသားများအား   ဂျပန်ဦး​​​နှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်းရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။