သတင်းများ

မလှိုင်မြို့နယ်၌ ပညာရေးကိုအခြေခံ၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဝါးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 12,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ သက်ဆိုင်ရာဌာနများက ယစ်မျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ယစ်မျိုး​အရောင်း ဆိုင်များတွင် ခွင့်ပြုလိုင်စင်ဖြင့် သတ်မှတ်ထား သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများက ယမန်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲနှင့် ရေဆင်းစပ်မျိုးနေကြာ -၁ မျိုးစေ့ပေးအပ်ပွဲတက်ရောက်
Oct 12,2023
ပြည်သူများစားနပ်ရိက္ခာဖူလုံမှုရှိစေဖို့အတွက် ဆန်စပါးစိုက်ပျိုးတဲ့အပြင် ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေ၊ မြေ၊ ဒေသနဲ့ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့်တွေရရှိနိုင်ရေးအတွက် ဦးစားပေးကဏ္ဍအနေနှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဖားအောက်ကျေးရွာအုပ်စု ရိုးဂိုးကျေးရွာဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲနဲ့ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Oct 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အချိန်ကိုအလဟသ မကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် သိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ကလေးဝမြို့ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်
Oct 12,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်း၌ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ က ပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် ညောင်ရမ်း အ-ထ-ကနှင့်ပေါက်တော အ-ထ-ကတို့၌ လူငယ်စကားဝိုင်းများ ကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး လူအများ ရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၁ ရက်က ညောင်ရမ်း အ-ထ-ကနှင့် ပေါက်တော အ-ထ-ကတို့၌ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲများ ကျင်းပ
Oct 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မကြာမီကာလအတွင်း ကျင်းပတော့မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲကို လားရှိုးဂေါက်ကွင်းတွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။