ချမ်းမြသာစည်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်‌ကေသွယ်ခိုင်နှင့်ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ကွင်းဆင်းငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်က ကျောင်းသား/သူများအနေဖြင့် သုတ/ရသ စာအုပ်စာစောင်များကို အ‌ဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်‌စေရန်၊ စာပေနှင့်အထိအတွေ့ရှိစေရန် ရည်ရွယ်၍ ယခုလိုလာရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ပြီး   ငှားရမ်းခဲ့သောစာအုပ်များကိုလည်း စနစ်တကျ‌ လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများစာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးကြသည့်သူတိုင်း အခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျော်စွာ(ချမ်းစည်)