ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာက သယ်ပိုးထမ်းဆောင်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် “စာဖတ်စွမ်းရည်ပြိုင်ပွဲ”ကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။