သတင်းများ

တောင်သာမြို့နယ် ရွှေပြည်တော် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး
Oct 16,2023
မန္ဆလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ရွှေပြည်တော်ကျေးရွာတွင် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆၀) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများ စာပေဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Oct 16,2023
ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဈေးများ၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Oct 16,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများသို့သွားရောက်ကာ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးသည်။
အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 16,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က စဉ့်ကူးမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်
Oct 16,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာ အုပ်စုရှိ အေးမြသာယာ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
တိရစ္ဆာန်မွေးမြူပုံနည်းစနစ်များနှင့် မွေးမြူရေးနည်းလမ်းကောင်းများအကြောင်း အသိပညာပေးခြင်းနှင့် နွားအသားတိုးကြီးထွားစာနု(၃၆)အိတ် အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေး
Oct 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာအုပ်စု၊ လိုက်ကမ်ကျေးရွာ၊ ဘုန်တော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကွန်ဟိန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မွေးမြူပုံနည်းစနစ်များနှင့် မွေးမြူရေးနည်းလမ်းကောင်းများအကြောင်း အသိပညာပေးခြင်းနှင့် နွားအသားတိုးကြီးထွားစာနု(၃၆)အိတ် အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အသက်ကြီး အဘိုး၊အဘွား(၇၃၃)ဦးအား လူမှုရေးပင်စင် ငွေများထောက်ပံ့ပေး
Oct 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊အဘွားများအား  လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလှိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လ အတွက် အသက်(၈၅)နှစ် အထက် အသက်ကြီးအဘိုး၊အဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။