သတင်းများ

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Oct 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Oct 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ရွှေကြာပင်လမ်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးမှု မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 16,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာလျာထားချက်ပြည့်မီရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်
Oct 16,2023
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၄)နှစ်မြောက်  ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို လာမည့်နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 16,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Oct 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။
ဟိုပုံးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Oct 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွှဲ(၁) နာရီအချိန်မှ စတင်၍ ဟိုပုံးမြို့ မြို့မအားကစားကွင်းတွင် ဆက်လက် ကျင်းပလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုအဟောင်းများအား အခမဲ့ပြန်လည်ပြုပြင်တပ်ဆင်ပေးခြင်းကွင်းဆင်းဆောင်ရွက်
Oct 16,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်သည်။