သတင်းများ

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆောင်ရွက်
Oct 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီက မင်းလှမြို့ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် မြောက်ရပ်ကွက်တွင် “စားသုံးဆီ” တစ်ပိသာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချပေး
Oct 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦး‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အခြေခံစားကုန် စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီက မြောက်ရပ်ကွက်၌ ရောင်းချပေးခဲ့သည်။      
နမ့်ခမ်းမြို့နယ်တွင် အလတ်စားစက်မှုလုပ်ငန်းဖြစ်သည့် ရှမ်းခေါက်ဆွဲထုတ်လုပ်မှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေ
Oct 17,2023
နမ့်ခမ်းမြို့၌ အလတ်စားစက်မှုလုပ်ငန်းဖြစ်သည့် ရှမ်းခေါက်ဆွဲထုတ်လုပ်မှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေ ပေးအပ်
Oct 17,2023
ပုဗ္ဗသီရိမြို့နယ်၊ ပုဗွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Oct 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းတွင်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိ၊ မီးသတိရှိစေရေး အသိပညာပေးဟောပြော
Oct 16,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့မွန်းလွဲ ၂ နာရီက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက် (ယာယီနေရပ်စွန့်ခွာသူများစခန်း) သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ အယ်နီညိုနှင့် လာနီညာရာသီဥတုကြောင့်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 16,2023
အယ်နီညိုနှင့် လာနီညာရာသီဥတုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်နိုင်ခြေလျော့နည်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်မှ အင်းဂရန်ကိုင် ဦးစိုးသူလွင်၏ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်သည်။
စုကလိမြို့ရှိ ပြောင်းစိုက်တောင်သူများ စျေးကောင်းရရန်မျှော်လင့်
Oct 16,2023
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပြီး အစေ့ထုတ်ပြောင်းများအား အဓိကစိုက်ပျိုးပြီး ထိုင်းနိုင်ငံဖြင့် အကျိုးတူဆောင်ရွက်ကြသည်။