ထီးချိုင့်မြို့နယ်တွင် မိုးစပါး SRI စံပြကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း များ ပူးပေါင်း၍ တည်တောကျေးရွာအုပ်စု၊ ကုက္ကိုကုန်းကျေးရွာ တောင်သူ ဦးအောင်လွင်ဦး ကွင်းအမှတ် ၈၃၉ A၊ ဦးပိုင်အမှတ် (၆၂)၏ လယ်တွင် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မိုးစပါး SRI စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။