ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပွဲကို ကျိုင်းတုံမြို့မ အားကစားကွင်း၌ အောက်တိုဘာ ၁၅ ရက်က စတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။   

ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနှင့် ကလပ်ပေါင်းစုံ အသင်း စုစုပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး အောက်တိုဘာ ၁၅ ရက်မှ ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)