သတင်းများ

မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
Oct 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက် ၈ နာရီခွဲက တာကြန့်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် တောင်သူများပူးပေါင်းပါဝင်ဆောင်ရွက်သည့် BS to CS စိုက်ခင်းအား ခေါင်နှံရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ
Oct 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းအုပ်စု၊ မင်းကွန်းကျေးရွာ ကွင်းအမှတ် ၄၁၉ B ရှိတောင်သူ ဦးကျော်လွင်၏ BS to CS စိုက်ခင်းအား ယနေ့ နံနက်ပိုင်းက ခေါင်နှံရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ဇီဝဆိုင်ရာအချက်အလက်များ  ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Oct 17,2023
ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဉီးစိုင်းသီဟဦးပါ ၅ ဉီးတို့က လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ  အမှန် ကျား ၁၁၀ဦး၊ မ ၁၆၄ဦး၊ စုစုပေါင်း၂၇၄ ဦးတို့အား  ကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဈေးကွက်လေ့လာဆန်းစစ်ခြင်း (နည်းပြ) သင်တန်းဖွင့်လှစ်
Oct 17,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် DRM and Anticipation in Fragile Contexts in Myanmar Program မှ ပြုလုပ်သည့် ဈေးကွက်လေ့လာဆန်းစစ်ခြင်း (နည်းပြ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပခဲ့‌သည်။
ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာ သဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ဖီးကြမ်းငှက်ပျောသီးကို စီးပွါးဖြစ်တိုးချဲ့စိုက်ပျိုးလာ
Oct 17,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် စပါး၊ ပြောင်းနှင့် သီးနှံမျိုးစုံကို ရာသီအချိန်အလိုက်စိုက်ပျိုးထုတ်လုပ်ကြရာတွင် ငှက်ပျောစိုက်ပျိုးခြင်းသည်လည်း အခြားသီးနှံများကဲ့သို့ ဈေးကွက်ဝင်တွက်ခြေကိုက်သဖြင့် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
မက်မန်းမြို၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်“အောင်မြင်ရေးသော့ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှု သည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၁၀၁၂ ဉီးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Oct 17,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဉီးစီးမှူး ဉီးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။