သတင်းများ

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ကွမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်မက်မြို့နယ် တွင် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိရရှိစေရန်၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားအန္တရာယ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးနံရံကပ်စာစောင်အား သွားရောက်ပြသခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်း ပန်းတိုင်မျှော်မှန်းချက်ကျော်လွန်
Oct 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းမှုကို ယနေ့နံနက် ၉ နာရီက ယမ်းခမ်းကျေးရွာ၌ ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်/မြို့နယ် စိုက်ကြပ်အဖွဲ့များက သွားရောက်ကြည့်ရှုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကျင်းပ
Oct 17,2023
ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသဘင်ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်လူငယ်မောင်မယ်များနှင့် အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ပုသိမ်မြို့တွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ လဝက်အစည်းဝေးနှင့် ၂၀၂၃ ဘဏ္ဍာရေးနှစ် (ဇူလိုင်၊သြဂုတ်၊ စက်တင်ဘာ)လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ ပြုလုပ်
Oct 17,2023
ပုသိမ်မြို့တွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ လဝက်အစည်းဝေးနှင့် ၂၀၂၃-ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ပွဲကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် Parbisureအမည်ဖြင့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးနှင့်ပုံစံတူ တရားမဝင်ဆေးဝါး ရောင်းချခြင်းများရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က  ယနေ့နံနက်(၁၀)နာရီကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Oct 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်  (၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။
၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကျင်းပ
Oct 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆို
Oct 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် Grade-4 မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ စတင်ဖြေဆိုနေလျက်ရှိသည်။