စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပြည်စိုးကုန်းလမ်းသွယ် ကွန်ကရစ်လမ်းခင်းနေမှုအားကွင်းဆင်းကြည့်ရှု

စလင်း အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေသွားလာနိုင်ကြစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ ပြည်စိုးကုန်းလမ်းသွယ် (၂) အား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရှိရသည်။

ဆင်ဖြူကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်စိုးကုန်းလမ်းသွယ်၊ လမ်းအရှည်(၁၈၀)ပေ၊ အကျယ် (၁၂) ပေ၊ထု (၈) လက္မရှိ ကွန်ကရစ်လမ်းခင်းဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (၇.၆၃) ကျပ်သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အောက်တိုဘာ (၁၆) ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ  ဦးတင်စိုးဝင်းနှင့် ဒုဦးစီးမှူး ဦးဟိန်းထက်နေဝင်း၊ စည်ပင်ကော်မတီ ဥက္ကဌ ဦးအေးပိုင့်နှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက မြေသားလမ်းမှသည် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်သူအများ ရာသီအချိန်အခါမရွေးသွားလာနိုင်ကြစေရန်နှင့် လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားကာ ကွန်ကရစ်လမ်းမသည် လူမှုစီးပွားဘက်စုံဆောင်ရွက်နိုင်ကြစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့တွင်း၊ မြို့နယ်နှင့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းများ၊ မိုးတွင်းကာလတွင် လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ပြည်စိုးကုန်းလမ်းသွယ် (၂) အား ဆောင်ရွက်နေမှုများနှင့် ကွန်ကရစ်လမ်း(၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကွန်ကရစ်လမ်းအမြန်ဆုံးပြီးမြောက်နိုင်ရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

(မောင်လွင်)စလင်း