လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် စားရိက္ခာများလှူဒါန်း

လားရှိုး  နိုဝင်ဘာ ၂၇

လားရှိုးမြို့တွင် ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်များမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရေးအတွက် စားနပ်ရိက္ခာများကို စေတနာရှင်အလှူရှင်တစ်ဦးက ယနေ့နံနက် (၁၁) နာရီတွင် လှူဒါန်းခဲ့သည်။

ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် လားရှိုးမြို့နေ အလှူရှင် ဦးသူရိန်အောင်က ဆန် (၅)အိတ်၊ ဆီ(၁)ပုံး၊ ကုလားပဲ(၁၅)ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းသည့် စားနပ်ရိက္ခာများကို လားရှိုးမြို့တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအတွက်  ခွဲဝေလှူဒါန်းပေးသွားမည် ဖြစ်သည်။

စိုင်းထွန်း(လားရှိုး)