ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ တန်ဆောင်မုန်းလပြည့် အရုဏ်ဆွမ်း လောင်းလှူ

ညောင်ဦး နိုဝင်ဘာ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ လပြည့်နေ့တိုင်း အစဉ်အလာမပျက် အရုဏ်ဆွမ်းလောင်းလှူခြင်းကို  နိုဝင်ဘာ ၂၇၊ တန်ဆောင်မုန်းလပြည့်  ယနေ့နံနက် ၇ နာရီအချိန်က လောင်းလှူခဲ့ကြောင်း သိရသည်။           

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဉီးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ကြက်သားကြော်၊ ငါးပိဆီကြော်၊ မယ်ဇလီဖူးသုပ်၊ ယမ်ယမ်ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုပ်တို့အား ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်၊ အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့နံနက်တိုင်း အစဉ်လာမပျက် အရုဏ်ဆွမ်း လောင်းလှူခဲ့ရာ ယနေ့သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင်လည်း အရုဏ်ဆွမ်း (၂၉) ကြိမ်မြောက် လောင်းလှူခဲ့ပြီဖြစ်ကြောင်း သံဃာအပါး (၈၀) တို့အား ပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေတွင် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြောင်း သိရသည်။

ဒီပါလင်း