ငပုတောမြို့ရွှေမြင်တင်စေတီတော် အာရုဏ်ခံတန်ဆောင်းအတွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းသည့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့်ရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ငပုတော နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ငပုတရွှေမြင်တင်စေတီတော် အာရုဏ်ခံတန်ဆောင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းသည့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့်ရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ယနေ့နံနက် (၅)နာရီက ကျင်းပပြုလုပ်သည်။

ပထမဦးစွာ အခမ်းအနား ကိုနမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီးမြို့နယ်သံဃာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇျယ်တော် မူအပ်သော မေတ္တာသုတ် အစရှိသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အလှူရှင်များက ဆရာတော်သံဃာတော်များ စွန့်ကြဲတော်မူသည့် ရွှေကြာသင်္ကန်း များအား ‌ဗုဒ္ဓရုပ်ပွားတော်များထံ ဆက်ကပ်လှုဒါန်းကြပြီးဆရာတော် သံဃာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက်အနုမောဓနာ တရားနာကြားကာ  လှုဒါန်းမှုအစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)