မြန်မာနိုင်ငံဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အားကျန်းမာရေး စောင့်ရှောက်မှုပေး

ညောင်ဦး  နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ရှိ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား နိုဝင်ဘာ ၂၆ ရက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက် ဦးဆောင် သောပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် နဂါးကျစ်ဘိုးဘွား ရိပ်သာရှိ အဘိုးအဘွား (၂၈)ဦးတို့အား သွေးချို၊ ဆီးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် အခြားရောဂါဝေဒနာများအား စမ်းသပ်စစ်ဆေးပေးခဲ့ကြပြီး လိုအပ်သောဆေးဝါးများပေးခြင်းနှင့် ကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း