သတင်းများ

ငဖဲမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ၂၀၂၃ ခုနှစ်  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Nov 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည်များ မြင့်မား‌လာစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲများကို  နိုဝင်ဘာလ (၂၆) ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်ရှိ နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းဝင် အိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက အသင်းဝင် အိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ဆီ၊ ကြက်ဥ၊ ဆား စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့တွင် နိဗ္ဗာန်ဈေး‌ရောင်းပွဲတော်ကျင်းပ
Nov 28,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ဌာနဆိုင်ရာများ၊ အ‌ခြေချမိုင်းတုံစစ်ဗျူဟာအဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိုင်းတုံမြို့ပေါ်ရှိ ကုန်သည်ကြီးများအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့လယ်လမ်းမတော်လမ်းအတိုင်း နိဗ္ဗာန်ဈေး‌ရောင်းပွဲတော် ကျင်းပခဲ့သည်။
၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဘုရားဖူးကုသိုလ်ပြုသူ များပြား
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ဘုရားစေတီတော်မြတ်များတွင် တန်ဆောင်မုန်းလပြည့် ဆီမီးတစ်ထောင်ကပ်လှုခြင်း၊ စတုဒီသာကျွေးသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မြို့ကျက်သရေဆောင် ဆီမီးချောင်းဘုရား၊ မြသိန်းတန်ဘုရား၊ ထီးကြီးဘုရားနှင့် စည်းကျစ်တောင်ဘုရားစေတီတော်မြတ်များ၌ ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်)နေ့စေတီတော်မြတ်ကြီးများတွင် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ကပ်လှုဒါန်းသူများ၊ စတုဒီသာကျွေးမွေးအလှုဒါနပြုသူများဖြင့် ယမန်‌နေ့ ညနေပိုင်းမှစ ညပိုင်းအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ် ဝါတစ်ဧကအထွက်နှုန်းပန်းတိုင် (၇၀၀)ပိဿာရရှိရေး  တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါတစ်ဧကအထွက်နှုန်းပန်းတိုင် (၇၀၀)ပိဿာရရှိရေး တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲကို တောင်ထောင့်ကျေးရွာအုပ်စုတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားဖူးသူများဖြင့် စည်ကား
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့၏ကျက်သ‌ရေဆောင် မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားကြီး၊ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားကြီးနှင့် သုခပြည့်စုံဘေးရန်လုံစေတီတို့၌ ယမန်နေ့ည တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားဖူး ပြည်သူများဖြင့် စည်ကားစွာ တွေ့မြင်ခဲ့ရသည်။