Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရေကြည်မြို့နယ်အတွင်းရှိ ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း ကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံဖြင့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း (လမ်းအရှည် (၀)မိုင် (၆)ဖာလုံ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ) ရှိ ကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်းအား ငွေကျပ်(၈၇.၇၅၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ဆောင်းနေကြာမျိုးစေ့၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်ပွဲ ကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာတောင်သူ ဒေါ်မော်မော်ဝင်းနှင့် ဦးမင်းဇော်ဦး၏ လယ်မြေကွင်းအမှတ်(၅၄၁)A၊ ဦးပိုင်အမှတ်-၁က/၁၊၁က/၅၊ ဧရိယာဧက-(၁၀)ဧကရှိ လယ်ယာမြေထဲတွင် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာဆီထွက်သီးနှံစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတောင်သူ၏ လယ်မြေ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
(၂၉)ကြိမ်မြောက် မအူပင်မြို့လုံးဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၉)ကြိမ်မြောက် မအူပင် မြို့လုံးဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မအူပင်မြို့ သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ (၂၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည် အပူဇော်ခံ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေးရည်ရွယ်၍ အမှတ်(၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၃)နာရီက စတင်၍ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများ စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျောင်းသား/သူများ စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံရှိ စုဝေးခန်းမ၌ စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌(၄၈)ကြိမ်မြောက်တီးတိန်ခရိုင်စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနား ပြုလုပ်ကျင်းပ
Nov 28,2023
ချင်းပြည်နယ် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းကျင်းပ ပြုလုပ်သည့် (၄၈)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက တီးတိန်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့ ဘိုကလေးမြို့နယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်တွင် ပန်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်သူ၊ ဖူးမြော်သူများဖြင့် စည်ကားသိုက်မြိုက်
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်တတိယနေ့ တန်ဆောင်မုန်းလပြည့်နေ့ညတွင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားများအား ပန်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီးဆက်ကပ်ကြသူများ၊ ပူဇော်ဖူးမြော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8718
Page
8719
Page
8720
Page
8721
Current page
8722
Page
8723
Page
8724
Page
8725
Page
8726
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department