သတင်းများ

အမာမြို့အတွင်း ကျေးရွာများ၌ စပါးရိတ်သိမ်းချိန် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်း ကျေးရွာများတွင် မိုးစပါး ရိတ်သိမ်းချိန်ကာလဖြစ်သဖြင့် စပါးအငှားလိုက်ရိတ်သူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အငှားလိုက်သူတစ်ဦးထံမှ သိရသည်။
ဖြူးမြို့နယ်အထူးကုဆရာဝန်ကြီးများမှ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး
Nov 28,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဇေယျဝတီတိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ည ဘုရား၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်သူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဘုရား၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ဒါနပြုသူများစတုဒီသာကျွေးမွေးခြင်း၊ နိဗ္ဗာန်စျေးများပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 28,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းမကြီး လမ်းအကျယ် (၁၈) ပေမှ (၂၄) ပေ လမ်းအဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ကော့သောင်းမြို့တွင် သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး
Nov 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်၍ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Nov 28,2023
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်  မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ၂၁-၁၁-၂၀၂၃  ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စဥ့်ကိုင်မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်‌နေ့ (သာမညဖလအခါတော်)နေ့၌ ရတနာလာဘမုနိ ဆုတောင်းပြည့် မြွေဘုရားတွင် ဘုရားဖူးပြည်သူများဖြင့်အထူးစည်ကား
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားတွင် တန်‌ဆောင်မုန်းလပြည့် (သာမညဖလအခါတော်)နေ့ ယမန်နေ့နံနက်ပိုင်းက ဘုရားဖူးပြည်သူများဖြင့် ထူးစည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်
Nov 28,2023
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက  မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခဲ့သည်။