ရေကြည်မြို့နယ်အတွင်းရှိ ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း ကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ရေကြည် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး​ငွေရင်းရန်ပုံ​ဖြင့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း (လမ်းအရှည် (၀)မိုင် (၆)ဖာလုံ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ) ရှိ ကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်း​အား ငွေကျပ်(၈၇.၇၅၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်အမာခံလမ်းခင်းခြင်းဖြင့် ကျေးရွာ (၆)ရွာ၊ အိမ်ခြေ (၄၁၃)အိမ်၊ လူဦးရေ (၂၁၇၀)ဦးတို့အား သွားလာရေးအဆင်ပြေချောမွေ့စေရန် အကျိုးပြုသောလမ်းဖြစ်ပြီး လမ်းရေရှည်တည့်တံ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်(၁၁)နာရီအချိန်က ပုသိမ်ခရိုင် ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦး​ကျော်သူမင်းက ကွင်းဆင်းစစ်​ဆေးခဲ့ပြီး ဦးစီးအရာရှိ(မြို့ပြ)(တာ၀န်)ဒေါ်အင်ကြင်းကြူကြူမှ လုပ်ငန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)