ဘိုကလေး နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျောင်းသား/သူများ စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပဆောင်ရွက်သည်။
ဟောပြောပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဝင်းက အမှိုက်အမျိုးအစားများအကြောင်း၊ အမှိုက်ကြောင့် ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုဆိုင်ရာများအကြောင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်ရမည့် နည်းလမ်းများ၊ စည်းကမ်းမဲ့စွာ အမှိုက်ပစ်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားရသည့် ဆိုးကျိုးများ၊ ရောဂါများအကြောင်းတို့အား ပြည့်စုံစွာဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ဝေသည့်ပြည်သူများ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)