သတင်းများ

အထူးဆောက်လုပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်းနှင့်အဖွဲ့ ဆွမ်းဆန်၊ ဆီ၊ ဆေးနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်း
Nov 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂါတ်ကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံ အထူးဆောက်လုပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆွမ်းဆန်တစ်အိတ်၊ ဆီ ၅ပိဿာ၊ အားဆေးတစ်ဗူးနှင့်ဝတ္ထုငွေ ၅၀၀၀၀ကျပ် ဆက်ကပ်လှူဒါန်းခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ပညာပေး သင်တန်း/ဆွေးနွေးပွဲသို့ တက်ရောက်သည့် တောင်သူများနှင့် တွေ့ဆုံပြီး ဇေယျာသီရိမြို့နယ်တွင် စပါးသားဆက်လိုင်းများရွေးချယ်ခြင်း စမ်းသပ်ကွက်ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေး
Nov 29,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်သည့် ပုဗ္ဗသီရိမြို့နယ် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ပညာပေးသင်တန်း/ဆွေးနွေးပွဲသို့ သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံသည်။
လယ်ဝေးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 29,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်း လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Nov 29,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းနောင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Nov 29,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့​နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
တပ်ကုန်းမြို့၌ သံဃာတော်များနှင့်သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်/အသားဝါဘီပိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော် များနှင့်သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်/အသားဝါဘီပိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဆရာစံရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဇနကဗိမာန်တော် တွင် စုရပ်ဆောင်ရွက်ထိုးနှံပေးခဲ့သည်။ 
ဆေးပညာအခြေခံနှစ် (Foundation Year) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲအခမ်းအနား ဆေးတက္ကသိုလ်-မန္တလေးတွင်ကျင်းပ
Nov 29,2023
ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာအခြေခံနှစ် (Foundation Year) (၁၁/၂၀၂၃)သင်တန်း၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများအားတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် (၇၃)လမ်း၊ လမ်း(၃၀)ရှိ ဆေးတက္ကသိုလ်(မန္တလေး)၊ ဇီဝက(မန်းရတနာပုံ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀း၀၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သီရိမာလာခန်းမ၌ ကျင်းပခဲ့သည်။