ဖျာပုံမြို့နယ်တွင် ဆောင်းနေကြာမျိုးစေ့၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံ‌လျှော်) မျိုး‌စေ့များ‌ ပေးအပ်ပွဲနှင့် သစ်စိမ်း‌မြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်ပွဲ ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငု‌တောကျေးရွာ‌တောင်သူ ဒေါ်မော်မော်ဝင်းနှင့် ဦးမင်းဇော်ဦး၏ လယ်မြေကွင်းအမှတ်(၅၄၁)A၊ ဦးပိုင်အမှတ်-၁က/၁၊၁က/၅၊ ဧရိယာဧက-(၁၀)ဧကရှိ လယ်ယာ‌မြေထဲတွင် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာဆီထွက်သီးနှံစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံ‌လျှော်)မျိုး‌စေ့များ‌ ပေးအပ်ပွဲနှင့် သစ်စိမ်း‌မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတောင်သူ၏ လယ်မြေ၌ ကျင်းပသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငု‌တောကျေးရွာ‌၊ ကွင်းအမှတ်-၅၄၁A၊ ဦးပိုင်အမှတ်-၁က/၁၊ ၁က/၅ရှိတောင်သူ ဒေါ်မော်မော်ဝင်း၊ ဦးမင်းဇော်ဦးတို့၏ လယ်မြေ(၁၀)ဧကပေါ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကျဲပက်ခြင်းနှင့် တောင်သူများထံ လက်ဝယ်သို့ ဆောင်းနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ‌လျှော်)မျိုး‌စေ့များအား သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်၊ ပြန်/ဆက်)