သတင်းများ

တနင်္သာရီမြို့-အောင်မင်္ဂလာဈေး(၁)(၂)တို့တွင် မီးဘေးလုံခြုံရေးစ‌စ်ဆေး၍ သရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်း ပြုလုပ်ဆောင်ရွက်
Nov 28,2023
 ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  မြိတ်ခရိုင် တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနက ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်(၂)တို့ တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် အန္တရာယ်ကျရောက်ပါက အမြန်ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်ကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မီးဘေးလုံခြုံရေးစစ်ဆေး၍ မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 28,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၁၀/၂၀၂၃သို့ တက်ရောက်
Nov 28,2023
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၁၀/၂၀၂၃ ကို နိုဝင်ဘာလ ၂၈ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ PPTT (၁၀/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Nov 28,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) (၁၀/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြတ်ပညာခန်းမတွင် ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရား စေတီပုထိုးများတွင် ကုသိုလ်ဖြစ် စတုဒီသာကျွေးမွေး၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလ
Nov 28,2023
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် မြန်မာ့ရိုးရာ အစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော်ကို ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ် ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ယခင်နှစ်များနည်းတူ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပုဂုတ္တမထေရ်ဖောင်တော်နှင့် ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သည်။
လက်ပံတန်းမြို့နယ်တွင် တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်
Nov 28,2023
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများရောဂါနှင့် ပိုးမွှားကျရောက်ခြင်းမှကာကွယ်နိုင်ရေး၊ သီးနှံများအထွက်တိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့်ပတ်သက်သည့် နည်းပညာပေးသင်တန်းကို ယနေ့မွန်းလွဲ(၁)နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးအထွက်တိုးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့် စေတီတော်ကြီး၏  တန်ဆောင်တိုင်ဆွမ်းတော်ကြီးကပ်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာတွင်  နှစ်စဉ်ကျင်းပပြုလုပ်သော သမိုင်းဝင် ပန်းအိုင်ရွှေမုဋ္ဌောဆုတောင်းပြည့်စေတီတော်ကြီး၏ တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲကို တန်ဆောင်မုန်း လဆန်း ၁၃ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။