(၂၉)ကြိမ်မြောက် မအူပင်မြို့လုံးဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

မအူပင် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၉)ကြိမ်မြောက် မအူပင် မြို့လုံးဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မအူပင်မြို့ သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး မအူပင်မြို့နယ် သိုက်ကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ(အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တဉာဏဒီပဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူဆောက်တည်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးအေးလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းတို့က ကထိန်လျာသင်္ကန်းအား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ၎င်းနောက် မအူပင်မြို့ အမှတ်(၈)ရပ်ကွက်၊ ရတနာလင်္ကာရကျောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ကထိန်အနုမောဒနာတရားတော်နာယူ၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရိယံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပုဂ္ဂလိကအလှူရှင်များ တက်ရောက်ခဲ့ကြပြီး သံဃာ‌တော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သီးစုံပဒေသာပင်များ မဲနှိုက်၍ မဲပေါက်သည့် ကျောင်းအလိုက် မိမိတို့၏သီးစုံပဒေသာပင်များအား ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)