ကျိုက်လတ် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံရှိ စုဝေးခန်းမ၌ စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး အားလုံးကို သတ်မှတ်ထားသော အကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်(၃၀)ဦးအား Catch-Up နည်းလမ်းဖြင့် ယနေ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်