ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျွန်းကုန်ကျေးရွာတွင် ဆင်းရွှေကြာ (၂) နေကြာစံပြကွက်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဝါးခယ်မ နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် ဆင်းရွှေကြာ (၂) နေကြာစံပြကွက်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းကွင်းအမှတ် (၁၀၁၃)၊ ဦးပိုင်အမှတ် (၅ က/၃) ရှိ တောင်သူ ဦးဝင်းသိန်း၏ လယ် (၅.၀၀) ဧကတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ KUBOTA ထွန်စက်နှင့်တွဲးဖက်၍ နေကြာမျိုးစေ့ချကိရိယာဖြင့် ဆင်းရွှေကြာ(၂)နေကြာစံပြကွက် စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူး ဦးကျော်သိန်းထွန်းတို့က မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရန် လျှာထားမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က လိုအပ်ချက်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)