သတင်းများ

ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၀၉း၃၀ နာရီအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၄) ရပ်ကွက်၊ (၅၅)လမ်း အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသောအဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်
Nov 30,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသောအဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းကိုင်မြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်
Nov 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Nov 30,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများဖြစ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးနှင်ပြန်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် လှူဖွယ်ပစ္စည်း တန်ဖိုးငွေကျပ် ၁၄၁၉ သိန်းကျော် ရေစက်ချလှူဒါန်းပွဲ အခမ်းအနား တက်ရောက်
Nov 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် (၅၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် လှူဖွယ်ပစ္စည်းတန်ဖိုးငွေကျပ် ၁၄၁၉ သိန်းကျော် ရေစက်ချလှူဒါန်းခြင်းနှင့် ဆရာတော်များ ဆွမ်း၊ ဘောဇဉ်ဆက်ကပ်လှူဒါန်းအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက  မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မဒိန်ကျေးရွာဧက ၁၀၀ စံပြဆောင်းသီးနှံစိုက်ပျိုးပွဲတော်နှင့် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်အကောင်းဆုံးရွတ်ဆိုရွေးချယ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်
Nov 30,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် စိုက်ပျိုးထားရှိသည့် ဧက ၁၀၀ စံပြမိုးစပါးစိုက်ကွင်းသို့ နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီက သွားရောက်ပြီး မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆောင်းသီးနှံစိုက်ပျိုးပွဲတော်သို့တက် ရောက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အင်ကြင်းလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Nov 30,2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၃၀) ရပ်ကွက်၊ အင်ကြင်းလမ်း၊ (၁၄၀၀) ပေကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်၍ ကွန်ကရစ်လမ်းခင်းသည်။