သာယာဝတီ၌ ၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Pre-conference Activities ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

သာယာဝတီ နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှူးတို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်အတွင်းရှိ ဆန်စက်များမှ အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သွားတိုက်နည်းစနစ် သင်ကြားပေးခြင်းနှင့် သွားနှင့်ခံတွင်းစစ်ဆေးကုသခြင်း၊ မျက်စိစမ်းသပ်ကုသခြင်း၊ ပိုးလောက်လန်းရှင်းလင်းခြင်းလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)