ကချင်ပြည်နယ်ဝန်ကြီးချုပ် မဒိန်ကျေးရွာဧက ၁၀၀ စံပြဆောင်းသီးနှံစိုက်ပျိုးပွဲတော်နှင့် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်အကောင်းဆုံးရွတ်ဆိုရွေးချယ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်စိုက်ပျိုးထားရှိသည့် ဧက ၁၀၀ စံပြမိုးစပါးစိုက်ကွင်းသို့ နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီက သွားရောက်ပြီး မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆောင်းသီးနှံစိုက်ပျိုးပွဲတော်သို့တက် ရောက်သည်။

ဆောင်းသီးနှံစိုက်ပျိုးပွဲတော်တွင် ဒေသခံတောင်သူများနှင့်အတူ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်၏ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့် ကုစားနိုင်သော သီးနှံပုံစံ Strip Cropping စနစ် စိုက်ပျိုးနည်းနှင့် အကွက်ချသီးနှံ မျိုးစုံစိုက်ခင်းများ စိုက်ပျိုးခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးဖြစ်ထွန်းမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ခြံစည်းရိုးကာရံပြီးစီးမှု အခြေအနေများ၊ စိုက်ပျိုးရေအတွက် ဆိုလာရေတင်စနစ်ဖြင့်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးထားသည့် အခြေအနေများနှင့် မိုးစပါးအမြန်ရိတ်သိမ်းပြီးစီးရေးတို့အတွက် တောင်သူများနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကာလိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ လယ်ဧက (၄)ဧကပေါ်တွင် ဆောင်းသီး ထပ်သီးညှပ်အဖြစ် နေကြာနှင့် ပဲပုတ်မျိုးစေ့များ သရုပ်ပြစိုက်ပျိုးပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြ ပြီး ဒေသခံတောင်သူများအား ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ဧက (၁၀၀) မိုးစံပါး စံပြစိုက်ကွင်း အနီးရှိ ပိုင်ရှင် ဦးခေါင်ဇယ်၏ခြံ၌ ဝက်သားပေါက်များနှင့် ဝက်များမွေးမြူထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် မုတ်လွဲကွင်းသို့ သွားရောက်ပြီး မှော်ဘီမျိုးစပါး ရင့်မှည့်မှုအခြေအနေနှင့် ရိတ်သိမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ခြံဝင်း ခတ်သွားမည့်အစီအစဉ်များနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သာသနာ့ဗမ္မာန်‌တော်၌ မြို့နယ်ဗုဒ္ဓ ဘာသာသာသနာရေးအဖွဲ့က ကြီးမှူး၍ (၁၅.၁၁၂၀၂၃)ရက်နေ့ အခြေခံပညာကျောင်းများမှ ဝတ် အသင်းပေါင်း (၆၃)သင်းဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းက ပြိုင်ပွဲများ ကျင်းပပြု လုပ်ပေးခဲ့သည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကိုလည်းကောင်း၊ အမှတ်ပေးဒိုင်ချုပ် ဦးစိုးဝင်းက ပြိုင်ပွဲဝင်များအား အမှတ်ပေးစည်းမျဉ်းနှင့်အညီ ရွေးချယ်အမှတ်ပေးခဲ့မှုများကို လည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဗုဒ္ဓဒေသနာတော်အကောင်းဆုံးရွတ်ဆိုပူဇော်မှုတွင် ဆုရဝတ်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအလိုက် ဆုရရှိသူသည့် ဝတ်အသင်းအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်