ဒဂုံအရှေ့ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၃၀) ရပ်ကွက်၊ အင်ကြင်းလမ်း၊ (၁၄၀၀) ပေကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်၍ ကွန်ကရစ်လမ်းခင်းသည်။
အဆိုပါ အင်ကြင်းလမ်း (၁၄၀၀) ပေ ကွန်ကရစ်လမ်းခင်းခြင်း ရန်ကုန်တိုင်းဒေသကြီးလုပ်ငန်းကို မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ခရီသွားလာမှု အဆင်ပြေချောမွေ့စေရန် ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာန၊ ဒေါ်မြင့်သန္တာ၊ အငယ်တန်း အင်ဂျင်နီယာ (၂)မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)